Wednesday, November 19, 2008

mp3.mmblogs.net အမှတ်တရ

(၁)လမှာအနည်းဆုံး(20)ခန့်ထွကနေတဲ့ မြန်မာသီချင်း တော်တော်များများကို အကုန်နီးပါးဝယ်ယူရရင် ငွေတော်တော်ကြီးကိုကုန်နိုင်သည်။ဒီကြားထဲ ကောင်းတယ်ပြောလို့ (ကြော်ငြာအားကောင်းလွန်းလို့) ၀ယ်လာခဲ့တဲ့အခွေ အိမ်ရောက်နားထောင်ပြီးတော့မှ မကြိုက်တာနဲ့မကောင်းတာနဲ့ဆိုရင် သီချင်းခွေဝယ်ရတဲ့ အလုပ်ကတော်တော်လေးကို ကသီနိုင်မဲအလုပ်ဖြစ်၏။ ၀ယ်ပြီးသားအခွေ ထစ်ရင်ထောက်ရင် သာပြန်လဲပေး သည်။ဝယ်သွားပြီး အိမ်ရောက်မှ မကြိုက်လို့ဆိုတဲ့အခွေကိုတော့ မည်သည့်ဆိုင်ကမှ ပြန်လဲပေးသည်ဟုလည်း မကြားဖူးသေး..။ဒီတော့ သီချင်းကို ခံစားဖို့ အပန်းဖြေဖို့ဝယ်မယ်ဆိုရင် ဆုံးဖြတ်ချက်မှန်ဖို့က တော်တော်ကြီးကို ရဲရင့်ရမဲ့ ဒုက္ခပေပဲ။

ကျွန်တော်မှာလည်း အရင်က ဒီဒုက္ခတွေရှိခဲ့ပါတယ်...။အရင်ကကျွန်တော်အလုပ်လုပ်တဲ့ စာစီစာရိုက် ဆိုင်ကလေးက Mp3လည်း တစ်ခါတစ်လေသွားပေးရတော့ Mp3အခွေအသစ်ထွက် ရင်တော်တော် များများကို ၀ယ်ဖြစ်ပါတယ်...။အချို့ ပရိသတ်ကြားမှာ ရေပန်းစားပေါက်ရောက်သွားတဲ့ အခွေတွေကတော့ အရင်းကြေ အမြတ်ရပေမဲ့ တစ်ခါတစ်လေ အခွေသစ်ဝယ်ထားတယ် ဒီအဆိုတော်အသစ်လေးရဲ့ ခွေသစ်သစ် ချွတ်လေး ထွက်တယ်ဆိုတာကို ကိုယ်ပြောမှ လာသွင်းတဲ့သူက သိရတဲ့အခါ မျိုးတောင်ရှိသေးတယ်..။ ဒါမျိုးကိုတစ်ချို့ ဆိုင်တွေဆိုရင် ရောင်းရပြီးရော ကောင်းတယ်အတင်းယူလုပ်နေ တာ... တော်တော်လေးကိုလည်းတတ်နိုင်ပါ့..။ ကျွန်တော်ကတော့အမှန်အတိုင်းပဲရောင်းပါတယ်..ကောင်းတဲ့အခွေကိုလည်းကောင်းတယ်ပြောပြီးတော့ တစ်ကယ်မကောင်းတဲ့အခွေကလည်း မကောင်းဘူးပေါ့..။ဒါကြောင့်လည်း ဗိုလ်ချုပ်လမ်းက ကျွန်တော်ဆိုင်ကလေးက တော်တော်လေးကို လူစည်ခဲ့ဖူးတယ်...(တော်တော်လေးတော့ ကြာခဲ့ပါပြီ....) လာသွင်းတဲ့အထဲမှာလည်း ဖုန်းကြီးတွေက အများဆုံးပဲလေ...။တတ်လည်းတတ်နိုင်တဲ့ ဦးဇင်းတွေဗျား..တစ်ချို့တစ်လေများဆို JXD၀ယ်ကိုင်ပြီး moviesမှ ကြည့်တာဆိုပဲဗျ.. ဟဲ..ဟဲ..။အဲ..နောက်တော့ လုပ်ငန်းပထမအဆင့်တိုးချဲ့တဲ့အနေနဲ့ ကွန်ပြူတာ(၂)လုံးကို အင်တာနက်(ADSL)ချိတ်ပေးတယ်နောက်ပြီးတော့ ... DV lottery စလုပ်ကြတယ်...။အင်း.. ကျွန်တော်စပြောမဲ့အကြောင်းကလည်း အဲဒီကစမှာပါခင်ဗျ... ။ :P

အင်တာနက်နဲ့ ကမ္ဘာပတ်နေတဲ့ ခေတ်ကြီးမှာ ဗြုံးစားကြီးကို အင်တာနက်က ကိုယ်ရှေ့ရောက်လာတော့ ကျွန်တော်လည်း မျောက်အုံးသီးရတယ် ဆိုတဲ့အတိုင်း နေ့တိုင်းကို ၀င်ဝင်ကလိဖြစ်ခဲ့ပါတယ်...။မြန်မာ websiteတော်တော်များများနဲ့ ရင်းနှီးခဲ့ပြီးတဲ့အချိန်ကျမှ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးခဲ့လို့ mp3.mmblogs.net ဆိုတဲ့ Wordpress လေးနဲ့စတင် မိတ်ဆက် အသုံးပြုဖြစ်ခဲ့ပါတယ်...။ သီချင်းဖိုင်တော်တော်များများရဲ့ ကောင်းမွန်တဲ့အသံ၊ ဒေါင်းလုပ်ဆိုရာတွင် အခက်အခဲမရှိစေရန်(တစ်ခုမရ
တစ်ခု အစီအစဉ်ဖြင့်) လိုင်းပွားများဖြင့်တင်ပေးသော စနစ်။ပြီးတော့ အခါအားလျှော်စွာ အပြင်တွင်ပေါက်နေသော အခွေများထဲမှ သီချင်းများကို (ကောင်းရင်ကောင်းသလို) တစ်ပုဒ်ချင်းစီတင်ပေးတဲ့ ပုံစံလေးတွေကြောင့် သီချင်းတော်တော်များများကို mmblogs.net မှ ဆွဲဖြစ်ခဲ့တာများပါသည်...။ အခွေဝယ်ရတဲ့အခက်အခဲလည်းတော်တော်လေးကို နည်းပါး(မရှိသလောက်ကို)ဖြစ်သွားပါပြီ...။ ထို့ကြောင့် ပထမ အကြိမ် အနေ နှင့် mmblogs.net ကိုကျေးဇူးတင်ရမည်ဖြစ်ပါသည်...။mmblogs.net၏ အပြည့်အ၀ကျေးဇူးများကိုပြောပါဆိုရင် ဒီထက်များပါသေးသည်...။သီဆိုသူ ကျား/မ အစဉ်လိုက်ရှိမှု..။ တေးသံရှင်တော်တော်များများ၏ သီချင်းတော်တော်များများကြီးကိုစုံလင်မှု..။တစ်ခါတစ်လေ တေးစီးရီး ပုံစံမဟုတ်ပဲ အပြင်တွင်ပေါက်နေသော သီချင်းများကို တင်ပေးထားခြင်းပင်ဖြစ်သည်..။ဥပမာဆိုလျှင် မျိုးကြီး ရဲ့ မြန်မာဘီယာသီချင်းလေ... :P.ဟိုးအရင်အရင်ကပေါက်ခဲ့သော တစ်ပုဒ်စနှစ်ပုဒ်စဇတ်ဝင်တေးများကို ပြန်လည် တင်ထားပေးခြင်းမျိုးကလည်း ရှိပါသေးသည်...။တော်တော်ကို ကျေးဇူးတင်ဖို့ ကောင်းနေပါပြီတကား..။သီချင်း Postများကိုမှန်မှန်တင်ပေးသော ကိုကိုလူချော/မမချောချောတို့ ဘေးဘယာဝေးကွာပြီး ကျန်းမာ နိုင်ကြပါစေဗျာ...။ယခုတော့ နောက်ဆုံးအနေနဲ့ကျေးဇူးတင်ရမဲ့ ကျွန်တော်ကို Memberအဆင့်တိုးမြင့်ပေးခြင်း ကိုပါပဲ...။ကျွန်တော်member ဖြစ်တာနဲ့ အညီနောက်ပိုင်းကျွန်တောဆီတွင်ရှိ သောရှားပါးသီချင်း များကိုလည်းတင်ပေးပါအုံးမည်ခင်ဗျာ...။တစ်ကယ်ကိုနောက်ဆုံး အနေနဲ့ ပြောချင်တာက တော့ ကျွန်တော်ဟာ မောင်မိုးညို ဖြစ်တယ်ဆိုတာရယ်.../ကျွန်တော်ရှိမဲ့ Blogကတော့http://lifesforall.blogspot.com ဆိုတဲ့အကြောင်း...နဲ့
အားလုံးကို...ကျေးဇူးတင်ပါတယ် ...ခင်ဗျာ...။

~မိုးညို~(planet)

ချက်ကြီးအတွက် တင်သည့် ပို့စ်




ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံးဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာစကားစမည် ပြောဆိုခြင်းဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်ကွန်ပြူတာ တစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန် စောင့်စရာမလိုပဲ ချက်ချင်းတုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က

ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့ကမည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။

မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေးဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူပိုလီကျောင်းတက်နေ သူစတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများမည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ် အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှမှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။

မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာချက်ရွမ်းတွင် မြန်မာစာ ကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာအသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)
သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုးပေါ်ထွက်လာလေ၏။

"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
"hote te lay. Ah lote shote nay de."

ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်းရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။
ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ လော့ဂ် အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီကမက်ဆေ့ခ်ျတွေ ၀င်လာတယ် ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကိုစကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာဒေါင်းနေ ခြင်း မျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိအလွမ်းသင့်သူနှင့်တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်းရှိသွား နိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်းကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်
ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညကအချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်းလိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကိုရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။ ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး
ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်းအများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။
--~--~---------~--~----~------------~-------~--~----~

Sunday, November 16, 2008

နှင်းတွေအရမ်းကျတဲ့ ဒီဇင်ဘာနဲ့ ချယ်ရီများအကြောင်း



အော်....
နေ့ကိုလစား၊လကိုနှစ်စားသွားလိုက်တာ .. အခုဆိုရင် နှစ်တစ်နှစ်ရဲ့နောက်ဆုံးလ ဒီဇင်ဘာတောင်ရောက်တော့မယ်နော်.... ။ကျွန်တော်လည်း အလုပ်ကိုလုပ်လိုက်မလုပ်လိုက်နဲ့ နောက်ဆုံးတော့
တစ်နှစ်တောင်ကုန် သွားတော့မှာပါလားနော်...။ကျွန်တော်အရမ်းချစ်တဲ့ ရာသီ ကျွန်တော်နဲ့ အရမ်းတဲ့တဲ့ ကျွန်တော်မွေးလလေးတောင်ရောက်တော့မယ်လေ....။ အရမ်းပျော်တယ်ဗျာ...
ဒီဇင်ဘာတိုင်းမှာ ပျော်ခဲ့တယ်....၊ နောက်ရောက်နိုင်အုံးမယ်ဆိုရင်လည်း ရောက်မဲ့ ဒီဇင်ဘာတွေတိုင်းမှာလည်းပျော်နေအုံးမှာပါပဲ...။သေချာပါတယ်...

ကျွန်တော်အရမ်းချစ်တဲ့ ဒီဇင်ဘာလ Japan ပြည်ကြီးမှာ ဒီအချိန်ဆိုရင် ချယ်ရီပန်းတွေ ဖွေးဖွေးလှုပ်ပွင့်နေပြီလေ...
ချယ်ရီဆိုတာကိုကလည်း သူတို့နိုင်ငံရဲ့ ပြယုဂ်တစ်ခုပဲလေ....
အရမ်းလှတယ်... ချယ်ရီတွေပွင့်နေတဲ့ Japan ပြည်ကြီးက ဒီအချိန်ဆိုရင်လေ..
ကျွန်တော်တို့ မြန်မာပြည် တောင်ကြီးမြို့ မှာဆိုရင်လည်း ဒီလိုပဲလေ..၊ ကြုံလို့ပြောရအုံးမယ်..
ကျွန်တော် အဖေကိုက တောင်ကြီးမှာ မွေးတာလေ... အမျိုးတွေလည်း အဲဒီမှာ အများကြီးရှိတယ်....
အရင်ကတော့ နှစ်တိုင်းလိုလို တန်ဆောင်တို်င်ဆိုရင်သွားဖြစ်ပါတယ်... အခုနောက်ပိုင်းတော့
အဖေကလည်း သူ့အလုပ်နဲ့သူ မအားလို့ထင်ပါတယ်.....ထားပါလေ...
အခုPost မှာကျွန်တော် အဓိကပြောချင်တာက ချယ်ရီအကြောင်းပါ....
ကျွန်တော်လည်း ချယ်ရီကိုတော်တော်ကြိုက်တယ်..ဗျ...

ဒါကြောင့် ကျွန်တော် Blog ကိုလာဖတ်ဖြစ်တဲ့ မိတ်ဆွေတွေထဲမှာလည်း ချယ်ရီကို ကြိုက်တဲ့ မိတ်ဆွေတွေများရှိမယ်ဆိုရင် ကျွန်တော်ဆီမှာရှိတဲ့ ချယ်ရီပုံလေးတွေကို Share ချင်ပါတယ်...
အားလုံးနှစ်သက်ကြမယ်လို့ထင်ပါတယ်...

ကျွန်တော် Post ကိုဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...

Thz alot..
~မိုးညို~(Planet)

Tuesday, September 16, 2008

ကျွန်တော် ရန်ကုန်မှာ ရည်းစားစထားတုံးကပေါ့...
ကျွန်တော်ရဲ့ ပထမဦးဆုံးရန်ကုန်ချစ်သူလေးကို.. (ကျွန်တော်က မန္တလေးသားခင်ဗျ )အင်းယားကန်ဘောင်မှာပဲစချိန်းဖြစ်ပါတယ်...
ကောင်မလေးက အဲဒီရောက်မှာ အဖြေပေးတာလေ..
အဖြေရတော့ ကျွန်တော်တို့ ရန်ကုန်တိရိစ္ဆာန်ရုံကို ဆက်သွားဖြစ်ကြပါတယ်..

(ဟင်.. ဘာမှလည်းမဆိုင်ဘူးနော်.. )
ကျွန်တော်နဲ့ အဆင်မပြေလိုက် ပြတ်သွားလိုက်ကျ ..

နောက်တစ်ကြိမ် ရင်ပြန်ခုန်ရမဲ့သူရှိတော့.. နောက်ထပ်ဖူးစာရှင်(အတု) တစ်ယောက်ပေါ်လိုက်နဲ့ကျွန်တော်မောင်မိုးညိုချစ်ခဲ့လိုက်ရတာ..
ရန်ကုန်မှာ ချစ်သူ(၅)ဦးတောင် ရှိခဲ့ပြီလေ.....(ကြွားတယ်ထင်ရင် ..Sorryဗျ..h`..h`)
ကျွန်တော်ကဖြတ်ခဲ့ရလောင်အောင်ဆိုးဆိုးရွားရွားရယ်လို့.. တစ်မှမရှိအောင်ပါပဲ...
(ကျွန်တော်ကဆိုးရွားနေတာလည်းဖြစ်ချင်ဖြစ်မှာပေါ့ဗျာ..)
ဒီလိုနဲ့ သူတို့ကစ ဖြတ်လိုက်ကြ../ ကံကုန်လို့ ရန်ကုန်ကနေကွဲသွားလိုက်ကြတဲ့ အခုဆို..
ရည်းစားတွေရဲ့ အဆက်ဖြတ်ခြင်းကို ခံရတာ (၅)ဆက်မြောက်ခဲ့ပါပြီ...
သူတို့အားလုံး အပေါ်မှာ ချစ်ခဲ့ရတဲ့ အချစ်/သံယောဇဉ်တွေ မတူသလို..
ဇာတ်လမ်းလေးတွေလည်းမတူခဲ့ပါဘူး....
ဒါပေမဲ့ အားလုံးမှာ သွားတူနေတာတစ်ခု ရှိနေတယ်ဗျ...
ကျွန်တော် ချစ်ခဲ့တဲ့ကောင်မလေး၊ကျွန်တော်ချစ်သူတွေနဲ့ ပျော်ရွှင်ရတာတွေ..၊

ဝမ်းနည်းရတာတွေကိုပါ.. အမှတ်တရအနေနဲ့ အင်းယားကံဘောင်ကြီးကသိမ်းပေးထားပါတယ်...
တစ်ခါတစ်လေ.. ကြင်နာသူအသစ်တစ်ယောက်နဲ့ ကန်ဘောင်ရောက်သွားလို့

ထိုင်လိုက်တဲ့ ခုံတွဲလေးက အရင်တစ်ချိန်က အခြားတစ်ယောက်နဲ့
တွဲထိုင်ဖူးနေတဲ့နေရာ ဖြစ်နေလို့ လွမ်းချစ်တာတောင် အကြင်နာသစ်လေးကို စိတ်မကောင်းဖြစ်မှာဆိုးလို့မလွမ်းခဲ့ရဘူးဗျ..(ဟွန်း..တော်တော်ဆိုးဗျာ..)

ဒီတော့.... ကျွန်တော်ပြောချင်တာကိုဆက်ပြောရရင် ...
အရက်ဆိုတာ တစ်ယောက်တည်းသောက်လည်းမူးတာပါပဲမဟုတ်ဘူးလားခင်ဗျ
အများနဲ့ဝိုင်းသောက်တော့ တစ်ယောက်တစ်ပေါက်နဲ့ဆိုတော့ ပိုမူးတာပေါ့ဗျာ..
အချစ်ဆိုတာလည်း အရက်လိုပဲ တစ်ခဏတာတော့ လူကို မူးယစ်စေတာပဲမဟုတ်လား..
ဒီတော့ တူတူသောက်ကြ..အဲလေ.. တူတူ မျှဝေခံစားကျဖို့ဖိတ်ခေါ်ပါတယ်..နော်..


ဒီတော့ အင်းယားကန်ဘောင်နဲ့ ပတ်သက်လို့ကျွန်တော်ကြိုက်တဲ့ အမှတ်ရသီချင်းတစ်ပုဒ်ကို ခင်ဗျားတို့ကို Share ပါ့မယ်..။



"အင်းယားသို့"

အင်းယားရယ်မရောက်ဖြစ်တာ (၈)နှစ်ကြာ ..
ထိုင်ခုံလေးရဲ့တစ်ဖက်မှာ/ကန်ဘောင်လေးရဲ့ဘေးမှာ...
ကိုယ်/ငါတစ်ယောက်တည်းပေါ့...
မိန်းခလေးရယ်..ဝေးသွားချိန်မင်းသိပါ/မရှိပါ..
ရေပြင်အင်းယားလေးက.. အသိဆုံးပေါ့ကွာ/ရှိတုံးပဲကွာ.....။

မင်းဂတိတွေထပ်ထပ်ကာပေးတုံးက...
ညာတာသိရက်နဲ့တောင် ကိုယ်ကခေါင်းညိတ်...။
မင်းအတွက်ဘယ်လောက်ထိတောင် ချစ်ခဲ့တာ...
ရေပြင်အင်းယားလေးသာ အသိဆုံးပေါ့ကွာ..။

{ဒီတစ်ခါအတွက်(..ဒီတစ်ခါအတွက်..).. ကြိုတင်ပြီး (..ကြိုတင်ပြီး..)...
သူဟာလည့်ကွက်များနဲ့ ဇာတ်လမ်းတစ်ပုဒ်လို....
ဒါနောက်ဆုံးလို့(..နောက်ဆုံးလို့...) နှုတ်ဆက်ချိန်(..နှုတ်ဆက်ချိန်...)
သေချာစွာ တစ်ခန်းရပ်သွားခဲ့ကြာသော အတိတ်ဆီ...}

မိန်းခလေးရယ် အခုတော့.. မင်းမရှိပါ...
ရေပြင်အင်းယားလေးက... ရှိတုံးပဲကွာ...။

အင်းယားရယ်မရောက်ဖြစ်တာ (၈)နှစ်ကြာ ..
ကန်ဘောင်လေးရဲ့ဘေးမှာ... ငါ တစ်ယောက်တည်းပေါ့...
မိန်းခလေးရယ်..ဝေးသွားချိန်မင်းမရှိပါ..
ရေပြင်အင်းယားလေးက.. ရှိတုံးပဲကွာ.....။
မင်းလက်ကိုမထိဖြစ်တာ(၈)နှစ်ကြာ...
ဘယ်ဆီမင်းရောက်လို့နေ ငါလေတမ်းတ.....
တို့နှစ်ယောက်ကလွဲသွားတာ ... အပြင်းစားပါ.
.ရေပြင်အင်းယားလေးရယ်.. ဖြေရှင်းပေးပါ..။

{သေချာပါ...(..သေချာပါ..)ကြံစည်ပြီး(..ကြံစည်ပြီး..)
သူဟာ မလှည့်တစ်ပတ်လုပ်တဲ့ လူဆိုးတစ်ယောက်လို
မရှာပါနဲ့တော့..(..မရှာပါနဲ့တော့..)၊နှုတ်ဆက်ချိန်(..နှုတ်ဆက်ချိန်..)
သေချာတာ ငါရဲ့အသည်းက စုံလုံးကွဲပြီ...။}

မင်းနဲ့ငါမတွေ့ဖြစ်တာ.. အခုအထိပါ..
ဘယ်ဆီမင်းရောက်လို့နေ ငါတွေ့အုံးမလား...
နှစ်၊လတွေပြောင်းသွားပစေ.. မဟောင်းသေးပါ..
ရေပြင်...အင်းယားလေးက.. အ သိ ဆုံး..ပေါ့...ကွာ....။


ဒီသီချင်းလေးကိုတော့ ဆင်ပေါက်ရဲ့ အကြည့်တစ်ချက်မှာ "အင်းယားသို့" လို့ အမည်ပေးထားပါတယ်...
ဒီသီချင်းလေးတစ်ပုဒ်ထဲသက်သက်နားဆင်လို သူများအတွက်..
ကျွန်တော် ဒီမှာ တင်ပေးထားပါတယ်....။

အားလုံးကြိုက်ကြမယ်ထင်ပါတယ်.. ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ကြီးရဲ့အချစ်ဇာတ်လမ်းတော်တော်များများက လှည်းတန်းက ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အဓိကရ ကန်ဘောင်ကြီးနဲ့ အနည်းဆုံး တစ်ကြိမ်လောက်တော့ ပတ်သက်ခဲ့ဘူးကြမယ်ဆိုတာ သေချာနေလို့ပါပဲ...။
ချစ်သူတွေအားလုံး ကျေနပ်ပျော်ရွှင် နိုင်ကြပါစေ..။

~မိုးညို~

Friday, September 12, 2008

ကျွန်တော့်သူငယ်ချင်း စိတ်ဝင်စားသော ကန်ဘောင်ပေါ်က ချစ်ဇာတ်လမ်း.........

အချိန်တွေတောင်ကြာခဲ့ပြီကို.....
ဟောင်းမသွားတဲ့ ငါရဲ့အတိတ်ကို......
မင်းအခုထိ အိပ်မက်တွေပေးနေတုန်းဘဲလား......
ချစ်သူရယ်......

မင်းနဲ့ငါ ဒီနေရာလေးမှာဘဲ ချစ်သူစဖြစ်ခဲ့တယ်......
မင်းရဲ့လက်ကလေးကိုလဲ......
ငါဒီကန်ဘောင်လေးမှာဘဲ ပြန်လွှတ်ပေးလိုက်ရတယ်ဆိုတာ.......
မင်းမှတ်မိဦးမှာပါ......

အင်းလျားရေပြင်ကြီးကတော့.....
အပြင်းစားဇာတ်လမ်းတွေဘယ်လောက်များများ......
မလှုပ်မယှက်တည်ရှိနေတာကို.....
အခုငါမင်းအကြောင်း စဉ်းစားရင်း......
တွေးနေမိတယ်......
ထားခဲ့လေတဲ့.....ချစ်သူရယ်.....

အတိတ်မှာ ပျော်ခဲ့တာတွေကိုပြန်တွေးရင်း......
အနာဂတ်မှာလဲ မင်းနဲ့ပြန်တွေ့ဖို့......
အခုထိ ငါမျှော်လင့်နေတုန်းပါဘဲ......

xမိုးချုပ်ညx

ကဗျာတွေရေးမယ်......

ဒီBlog လေးထဲမှာ ကျွန်တော်ကတော့ ကဗျာဘဲအများဆုံး ရေးဖြစ်မယ်ထင်ပါတယ်.....
ကျွန်တော့်သူငယ်ချင်းမိုးညိုကတော့ ခရီးထွက်သွားလို့ ဒီBlog ထဲကို မ၀င်နိုင်ဘူးဖြစ်နေတယ်ဗျ......
ကဗျာဆိုတာ လူရဲ့စိတ်ကို နူးညံ့ပျော့ပြောင်းစေသည်.....မှတ်ချက် ။ တစ်ခါတစ်ရံ
ကဗျာများသည် လူ၏စိတ်ကို ခက်ထန်စေသည်.......မှတ်ချက် ။ တစ်ခါတစ်ရံ

ဒီလိုအမျိုးမျိုးသော ခံစားချက်များကို သူငယ်ချင်းများ ဝေဖန်နိုင်ရန်အတွက် ဒီBlog လေးမှာ.......
အဓိကအနေနဲ့ ကဗျာတွေ ရေးမှာဖြစ်ပါတယ်......

ကျွန်တော့်သူငယ်ချင်းအတွက် အင်းလျားကန်ဘောင်က ဇာတ်လမ်းလေးတစ်ပုဒ်.......

ချစ်သူရေ.....

ငါတို့နှစ်ယောက် ဒီကန်ဘောင်ပေါ်မှာဘဲ.....

ဆုံခဲ့ကြတယ်နော်.......


ချစ်သူရေ......

မင်းရဲ့လက်လေးကို.....

ဒီကန်ဘောင်ပေါ်မှာဘဲ ငါပြန်လွှတ်ပေးခဲ့ရတယ်......


မတားချင်ပေမယ့်......

တားလို့မရတဲ့အခြေအနေကြောင့်......

မတားဖြစ်ခဲ့တယ်ဆိုတာမင်းနားလည်ပေးပါ......


တကယ်တော့ ဘ၀ဆိုတာ......

ကြောက်စရာကောင်းတဲ့ သချိုင်းကုန်းကြီးတစ်ခုလိုပါဘဲ.....

အံသြစရာများနဲ့ ပြည့်နှက်နေလေတယ် ချစ်သူ......


ဝေးခဲ့ရပေမယ့်......

လွတ်လွတ်လပ်လပ်ဆွေးလို့မရတဲ့......

ငါ့ရဲ့ဘ၀ကို မင်းအဝေးတစ်နေရာကနေလှမ်းကြည့်ပြီး......

လှောင်ပြောင်နေမှာလား.....


ရေမြေခြားခဲ့ရတဲ့ချစ်သူအတွက်.....

တစ်သက်လုံးဝေးမနေနိုင်ဘူးလို့တော့.....

ငါယုံကြည်နေမြဲပါ ချစ်သူ......


မင်းပြန်လာမယ့်နေ့ကိုစောင့်ရင်း.....

ဒဏ်ရာတွေကို ပွေ့ဖက်ထားမယ့်......

သူတစ်ယောက် မြန်မာပြည်မှာရှိနေမယ်ဆိုတာ......

မင်းသိအောင် ဒီကဗျာလေးက.....

အမြဲတမ်း မင်းအတွက်ရှိနေမှာပါ......


xမိုးချုပ်ညx

ကျွန်တော့် သူငယ်ချင်းမိုးညိုအတွက်......



Monday, September 8, 2008

Tattool - Design ကောင်းလေးများ





ကျွန်တော်အရမ်း ကြိုက်တဲ့ Tattool လေးတွေအကြောင်းကို ပြောပြချင်ပါတယ်။ Tattool ဆိုတာမြန်မာပြည်မှာတော့ထိုးလာရင် လူကြီးတွေနဲ့အမြဲစကားများဖြစ်တဲ့ ပြဿနာတစ်ခုပါ..။ ဒါပေမဲ့ ကျွန်တော်တို့ကို မထိုးဖို့တားမြစ်ထားတဲ့ လူကြီးတွေခေတ်ကတည်းကိုက အဲဒီ Tattool (ဆေးမင်ကြောင်)ထိုးတဲ့ ပညာက ရှိပြီးသားပါ..။ကျွန်တော်တို့ ခေတ်လောက်နည်းပညာမတိုးတက်ခင် အရင်အရင် ဘုရင်စနစ်ကျင့်သုံးတဲ့ ခေတ်ကတည်းကိုက ဒီပညာတွေကို အသုံးချရေးဆွဲနေကြတာပါ..။


နောက်ပိုင်းတော့ ခေတ်မီနည်းပညာတွေပေါ်လာတော့ ပုံမှန်ထက်ပိုပြီးထူးခြားတဲ့ အရုပ်တွေ ရေးဆွဲနိုင်မဲ့ နည်းပညာသစ်တွေ ပေါ်ထွက်လာကုန်ပါပြီ။ တစ်ကယ့် အကောင်ကြီးတစ်ကောင် ကိုပေါ်တတ်နေတဲ့ ပုံစံအတိုင်းအရုပ်တွေကို ပုံဖော်ဖန်တီးနိုင်ပ

Saturday, September 6, 2008

ဒီမှာ သယ်ချင်း ... ငါဟာ မင်းမဟုတ် .. ။

သူဆိုသော ``သူ´´ သည်...................... .................................. ........................ ............. အရပ်မတို မရှည်ရှိပါသည်...။စကားပြောလျှင်လက်ဟန် ခြေဟန်အပြည့်ဖြင့်ပြောတတ်ပါသည် ...။မျက်ခုံးမျက်လုံးကောင်းပြီး ဆံပင်အဖျားများကောက်နေပါသည်...။တစ်ခါတစ်ရံ အရက်ကိုအလွန်အကျွံသောက်တတ်ပြီး ကိစ္စတော်တော်များများကို မေ့နေတတ်ပါသည်..။အ၀တ်ေ...လျှာ်ဖို့ကိစ္စများတွေ အပျင်းကြီးသလောက် တစ်ခါတစ်ရံ ထမင်း ပါ ငတ်ရသည့် အဖြစ်မျိုးလည်း ကြုံခဲ့ရပါသည်။ရံဖန်ရံခါများတွင် ကလေးဆန်တတ်သလောက် လောကကြီးက ပေးတွေ့ခဲ့သောလောကဓံများက ကလေးမဆန်ခဲ့ပါ....။ သူငယ်ချင်းအုပ်စုများကြားတွင် ပျော်တတ်သူ(Joker) ပျော်တော်ဆက်တစ်ယောက် အဖြစ် နံမည်ကြီးပြီး အရာတော်တော်များများတွင် အငြင်းသန်တတ်ပါသည်..။သူဖြစ်ချင်သောအရာ တော်တော်များများကို မရရအောင် တစ်ဇွတ်ထိုးယူတတ်ပြီး နောက်ဖြစ်လာသည့် ပြသနာများတွင် ခေါင်းရှောင်ချင်တတ်ပါသည်....။သူသိချင်သောကိစ္စများတွင် သူတစ်ပါးအပေါ်အထားမထား တတ်ပဲ သူသိသမျှကိစ္စအားလုံးလိုလိုကိုပင် သူများတစ်ကာသို့ သိစေချင်သူဖြစ်ပါသည်......။ ထို့ကြောင့်... အတွင်းသိတော်တော်များများက ``ခိုးစားရင် လမ်းမရောက်ခင်ပေါ်မဲ့ကောင်´´ဟု သမုတ်ကြပါသေး....၏။ သောကြာနေ့တွင် ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိပြီး မွေးဖွားသူမိခင်မှာ မွေးပြီး၁နှစ်ကျော်အချိန်မှာ တွင် ဆုံးပါးသွားခဲ့ပါသည်။ဖခင်၏နောက်မိန်းမ ဒဏ်တော်တော်များများကြောင့် လောကကြီးကို အရွတ်တိုက်တတ်ပြီး သူကျင်လည်ခဲ့ရသော ပတ်ဝန်းကျင်တွင် လူဆိုးတစ်ယောက်အဖြစ်နံမည် ရေးသားခဲ့ပါသည်...။ သူလိုချင်သောအချစ်ဆိုသည့်အရာကို သူမပိုင်ဆိုင်ဖူးသေးသော်လည်း သူပိုင်ဆိုင်ခဲ့ဖူးသော အချစ် များကိုတော့ သူပြန်လွမ်းတတ်ပါသည်.။သူလိုချင်သော အရာတော်တော်များများကို မရဖူးသော်လည်း သူရရှိခဲ့သောအရာတော်တော်များများ ကို မက်မက်မောမောဖက်တွယ်တတ်ပြန် သေးပြီး သူတန်ဖိုးထားသော်အရာတော်တော်များများမှာလည်း သူထံသို့ ရောက်မလာသေးသော အိမ်မက်တစ်ချို့သာ ဖြစ်မည်ဟု စိတ်ကူးယဉ်တတ်ခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့ပါသည်..။ သူမှတ်မိသလောက် သူဖြတ်သန်းခဲ့သော အရွယ်ရောက်ပြီး (၅)နှစ်တာခရီးမှာ ဘ၀ဟာ အမျိုးအစားစွာ တည်ရှိခဲ့ပြီး သူတတ်ရှိသလောက် ဘာသာရပ်တစ်ခုနဲ့ ပဲ အခုအချိန်အထိ သူကျင်လည်ရာပတ်ဝန်းကျင်မှာ ရှာဖွေစားသောက်ခဲ့ရတယ်....။သူကြုံတွေ့ရတဲ့ ဘ၀ဆိုတာ က သူမျှော်လင့်သလို မချိုမြိန်ခဲ့တဲ့ အချိန်မျိုးတွေမှာသူနာကျင်မှုတွေကို အံကြိတ်ခံခဲ့ပြီး .. သူဖြစ်ချင်သောအရာတော်တော်များများကို သူ့ စိတ်နာနာနဲ့မေ့ပစ်ခဲ့ဖူးပါသည်..။ ထိုကြောင့် ... ထို ``သူ´´ဆိုသော သူသည် ... ယခုလက်ရှိအချိန်အထိ သူ့ဘ၀ကို ကမ္ဘာမြေပြင်ရန်ကုန်မြို့ပေါ်တွင် သူဆိုပြနေကျပုံစံလေးအတိုင်း ဖြတ်သန်းရင်းနှင့် 2010ခုနှစ် မိုးတွင်းသို့ ရောက်ရှိသွားခဲ့ပါတော့သည် ....၊....၊.....။ မိုးညို(Planet) 4:56PM 2010 May 22 sat at Net Sky Internet cafe P:S-(မိုးညိုသိသလောက် ``မိုးညိုဘ၀´´ Essay ပါ။) ဖြတ်သန်းလာခဲ့တဲ့ ``၅´´နှစ်တာကာလအတွက်........၊......၊......၊.....၊......၊........

Friday, August 29, 2008

ခိုင်မြဲသော တွဲလက်များ

ကျွန်တော်တို့ ဒီ Blog လေးကို စရေးဖြစ်တဲ့ အကြောင်းကတော့ ကျွန်တော့် သူငယ်ချင်း မိုးညိုအစဆွဲပေးလို့ဖြစ်ပါတယ်......နောက်ပိုင်းတော့ ဒီBlog လေးကို ကျွန်တော်ဘဲ ရေးဖြစ်မယ်လို့ ထင်ပါတယ်..... ဒီBlog လေးကို မိုးတွေညိုတဲ့ မိုးချုပ်ညတို့ရဲ့ ဘ၀ ဆိုပြီး နာမည်လေးပေးထားပါတယ် ခင်ဗျာ.....ဒီBlog လေးက တစ်ဆင့် Online ပေါ်က သူငယ်ချင်းများအားလုံးကို ခင်မင်ချင်လျှက်ပါ......

ဒီလိုလက်တွဲခဲ့တယ်


ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေ......
စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့......
ဘိုသီဘတ်သီ နေတတ်တဲ့ပုံစံတွေနဲ့......
ဘ၀ကိုဖြစ်သလိုနေခဲ့မိတယ်......

ရင်ထဲမှာဖြစ်နေတဲ့ အကြောင်းအရာတွေ.....
ငါ့ရဲ့မွန်းကြပ်နေတဲ့ ခံစားမှုတွေကို.....
ရင်ဖွင့်တိုင်ပင်မိသူဟာ မင်းပါ.....
ချစ်သူတွေထက် ခိုင်မြဲတဲ့သံယောဇဉ်......
မိဘတွေထက် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိတယ်.......

မင်းဘ၀အတွက်ငါ.....
ငါ့ဘ၀အတွက်မင်းဆိုပြီး.....
ပြောခဲ့ဖူးတဲ့မိုးတွေညိုတဲ့မိုးချုပ်ညတစ်ညကို.......
မင်းမှတ်မိမယ်ထင်ပါတယ်......

ဘယ်အခြေအနေဘယ်လိုရောက်ရောက်......
ဘယ်အရာတွေဘယ်လိုဘဲပျောက်ပျောက်.....
ဘယ်ရာသီ ဘယ်ဥတုတွေဘယ်လောက်ပြောင်းပြောင်း.......
မိုးညိုဆိုတဲ့ သူငယ်ချင်းတစ်ယောက်အတွက်......
ကျွန်တော့်ဘ၀ရဲ့ ကောင်းကင်ကြီး......
ကျွန်တော့်ရဲ့ သူငယ်ချင်းအတွက် အုံ့မှိုင်းပေးပါ......

xမိုးချုပ်ညx

Wednesday, August 27, 2008

Blog ဖွင့်ပွဲ



ကျွန်တော်က မောင်မိုးညိုပါ...။
ဒီ Blog လေးမှာတော့ ကျွန်တော်မောင်မိုးညိုနဲ့..ကျွန်တော်သူငယ်ချင်း ကဗျာဆရာ မောင်မိုးချုပ်ညတို့က
ဦးဆောင်ပြီးတော့ Postများကို ရေးသားကြမှာဖြစ်ပါတယ်...။အခုကျွန်တော်ကတော့ Blog ပြီးရေးပြီးပြီးချင်း
အထိမ်းအမှတ်နဲ့ ပထမဆုံး Post ကိုတင်ရခြင်းဖြစ်ပါတယ်ခင်ဗျား..။
ဒီ Blogလေး လုပ်ပြီးတော့ ညက 1း00ကျော်နေပြီဗျ...။ကျွန်တော်လည်းတော်တော် အိပ်ချင်နေပြီ.. :(
နောက်နေ့တွေကိုတော့ ဟိုကောင် မိုးချုပ်ညက ဆက်ပြီးတာဝန်ယူရေးသားပါလိမ့်မယ်...။
ကျွန်တော် နောက်ဆုံးပြောမဲ့အကြောင်းကတော့ ဒီ lifesforall.blogspot.com လေးကို စတင်ဖွင့်လှစ်တဲ့
အထိမ်းအမှတ်အနေနဲ့ ဒီနေ့မှာလာရောက်ကြသူများအားလုံးကို Post မှာပြထားတဲ့ Cola နဲ့ ဘာဂါ ကျွေးမှာပါ..။
အားလုံး ဝေမျှ ၀လင်စွာစားသောက်နိုင်ကြပါစေ..။
ဒါပဲဗျို့...။
(မိုးညို)