Saturday, September 6, 2008

ဒီမှာ သယ်ချင်း ... ငါဟာ မင်းမဟုတ် .. ။

သူဆိုသော ``သူ´´ သည်...................... .................................. ........................ ............. အရပ်မတို မရှည်ရှိပါသည်...။စကားပြောလျှင်လက်ဟန် ခြေဟန်အပြည့်ဖြင့်ပြောတတ်ပါသည် ...။မျက်ခုံးမျက်လုံးကောင်းပြီး ဆံပင်အဖျားများကောက်နေပါသည်...။တစ်ခါတစ်ရံ အရက်ကိုအလွန်အကျွံသောက်တတ်ပြီး ကိစ္စတော်တော်များများကို မေ့နေတတ်ပါသည်..။အ၀တ်ေ...လျှာ်ဖို့ကိစ္စများတွေ အပျင်းကြီးသလောက် တစ်ခါတစ်ရံ ထမင်း ပါ ငတ်ရသည့် အဖြစ်မျိုးလည်း ကြုံခဲ့ရပါသည်။ရံဖန်ရံခါများတွင် ကလေးဆန်တတ်သလောက် လောကကြီးက ပေးတွေ့ခဲ့သောလောကဓံများက ကလေးမဆန်ခဲ့ပါ....။ သူငယ်ချင်းအုပ်စုများကြားတွင် ပျော်တတ်သူ(Joker) ပျော်တော်ဆက်တစ်ယောက် အဖြစ် နံမည်ကြီးပြီး အရာတော်တော်များများတွင် အငြင်းသန်တတ်ပါသည်..။သူဖြစ်ချင်သောအရာ တော်တော်များများကို မရရအောင် တစ်ဇွတ်ထိုးယူတတ်ပြီး နောက်ဖြစ်လာသည့် ပြသနာများတွင် ခေါင်းရှောင်ချင်တတ်ပါသည်....။သူသိချင်သောကိစ္စများတွင် သူတစ်ပါးအပေါ်အထားမထား တတ်ပဲ သူသိသမျှကိစ္စအားလုံးလိုလိုကိုပင် သူများတစ်ကာသို့ သိစေချင်သူဖြစ်ပါသည်......။ ထို့ကြောင့်... အတွင်းသိတော်တော်များများက ``ခိုးစားရင် လမ်းမရောက်ခင်ပေါ်မဲ့ကောင်´´ဟု သမုတ်ကြပါသေး....၏။ သောကြာနေ့တွင် ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိပြီး မွေးဖွားသူမိခင်မှာ မွေးပြီး၁နှစ်ကျော်အချိန်မှာ တွင် ဆုံးပါးသွားခဲ့ပါသည်။ဖခင်၏နောက်မိန်းမ ဒဏ်တော်တော်များများကြောင့် လောကကြီးကို အရွတ်တိုက်တတ်ပြီး သူကျင်လည်ခဲ့ရသော ပတ်ဝန်းကျင်တွင် လူဆိုးတစ်ယောက်အဖြစ်နံမည် ရေးသားခဲ့ပါသည်...။ သူလိုချင်သောအချစ်ဆိုသည့်အရာကို သူမပိုင်ဆိုင်ဖူးသေးသော်လည်း သူပိုင်ဆိုင်ခဲ့ဖူးသော အချစ် များကိုတော့ သူပြန်လွမ်းတတ်ပါသည်.။သူလိုချင်သော အရာတော်တော်များများကို မရဖူးသော်လည်း သူရရှိခဲ့သောအရာတော်တော်များများ ကို မက်မက်မောမောဖက်တွယ်တတ်ပြန် သေးပြီး သူတန်ဖိုးထားသော်အရာတော်တော်များများမှာလည်း သူထံသို့ ရောက်မလာသေးသော အိမ်မက်တစ်ချို့သာ ဖြစ်မည်ဟု စိတ်ကူးယဉ်တတ်ခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့ပါသည်..။ သူမှတ်မိသလောက် သူဖြတ်သန်းခဲ့သော အရွယ်ရောက်ပြီး (၅)နှစ်တာခရီးမှာ ဘ၀ဟာ အမျိုးအစားစွာ တည်ရှိခဲ့ပြီး သူတတ်ရှိသလောက် ဘာသာရပ်တစ်ခုနဲ့ ပဲ အခုအချိန်အထိ သူကျင်လည်ရာပတ်ဝန်းကျင်မှာ ရှာဖွေစားသောက်ခဲ့ရတယ်....။သူကြုံတွေ့ရတဲ့ ဘ၀ဆိုတာ က သူမျှော်လင့်သလို မချိုမြိန်ခဲ့တဲ့ အချိန်မျိုးတွေမှာသူနာကျင်မှုတွေကို အံကြိတ်ခံခဲ့ပြီး .. သူဖြစ်ချင်သောအရာတော်တော်များများကို သူ့ စိတ်နာနာနဲ့မေ့ပစ်ခဲ့ဖူးပါသည်..။ ထိုကြောင့် ... ထို ``သူ´´ဆိုသော သူသည် ... ယခုလက်ရှိအချိန်အထိ သူ့ဘ၀ကို ကမ္ဘာမြေပြင်ရန်ကုန်မြို့ပေါ်တွင် သူဆိုပြနေကျပုံစံလေးအတိုင်း ဖြတ်သန်းရင်းနှင့် 2010ခုနှစ် မိုးတွင်းသို့ ရောက်ရှိသွားခဲ့ပါတော့သည် ....၊....၊.....။ မိုးညို(Planet) 4:56PM 2010 May 22 sat at Net Sky Internet cafe P:S-(မိုးညိုသိသလောက် ``မိုးညိုဘ၀´´ Essay ပါ။) ဖြတ်သန်းလာခဲ့တဲ့ ``၅´´နှစ်တာကာလအတွက်........၊......၊......၊.....၊......၊........

No comments: