မိုးချုပ်ညရေ ....
ငါအခုမှ ပြန်လာဖြစ်တယ်ကွာ ... တစ်ကယ်စိတ်မကောင်းပါဘူး ..
ငါတို့တွေတော်တော်လေး ဝေးသွားကြတယ်နော်..
သယ်ချင်းရာ ...။
မဆုံဖြစ်ကြတာကြာတဲ့ချစ်သူဟောင်းနဲ့ ပြန်ဆုံဖြစ်ကြသလို၊ မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းကို ပြန်တွေ့လိုက်ရသလိုပဲခံစားနေရတယ် ...။ ဟုတ်မှာပါ ကျွန်တော်သူ့ကိုပစ်ထားခဲ့တာ ၃နှစ်ကျော်လောက်ကြာခဲ့ပြီလေ ... ။ ပြန်တွေးကြည့်ရစိတ်မကောင်းဖြစ်ရပါတယ် .. သယ်ချင်းရယ် ... ။ ငါလည်း အလုပ်တွေမအား.. မအားတာတွေလုပ်နေရလို့ ..။မင်းနဲ့ပြန်တွေ့ချင်တာတောင် ဆုံခွင်မရခဲ့ဘူး..။
မင်းလည်း အခုဆိုဘယ်တွေရောက်လို့ ဘာတွေလုပ်နေမလဲ မသိဘူးနော် ... ။