ကျွန်တော်တို့ ဒီ Blog လေးကို စရေးဖြစ်တဲ့ အကြောင်းကတော့ ကျွန်တော့် သူငယ်ချင်း မိုးညိုအစဆွဲပေးလို့ဖြစ်ပါတယ်......နောက်ပိုင်းတော့ ဒီBlog လေးကို ကျွန်တော်ဘဲ ရေးဖြစ်မယ်လို့ ထင်ပါတယ်..... ဒီBlog လေးကို မိုးတွေညိုတဲ့ မိုးချုပ်ညတို့ရဲ့ ဘ၀ ဆိုပြီး နာမည်လေးပေးထားပါတယ် ခင်ဗျာ.....ဒီBlog လေးက တစ်ဆင့် Online ပေါ်က သူငယ်ချင်းများအားလုံးကို ခင်မင်ချင်လျှက်ပါ......ဒီလိုလက်တွဲခဲ့တယ်ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေ......စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့......ဘိုသီဘတ်သီ နေတတ်တဲ့ပုံစံတွေနဲ့......ဘ၀ကိုဖြစ်သလိုနေခဲ့မိတယ်......ရင်ထဲမှာဖြစ်နေတဲ့ အကြောင်းအရာတွေ.....ငါ့ရဲ့မွန်းကြပ်နေတဲ့ ခံစားမှုတွေကို.....ရင်ဖွင့်တိုင်ပင်မိသူဟာ မင်းပါ.....ချစ်သူတွေထက် ခိုင်မြဲတဲ့သံယောဇဉ်......မိဘတွေထက် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိတယ်.......မင်းဘ၀အတွက်ငါ.....ငါ့ဘ၀အတွက်မင်းဆိုပြီး.....ပြောခဲ့ဖူးတဲ့မိုးတွေညိုတဲ့မိုးချုပ်ညတစ်ညကို.......မင်းမှတ်မိမယ်ထင်ပါတယ်......ဘယ်အခြေအနေဘယ်လိုရောက်ရောက်......ဘယ်အရာတွေဘယ်လိုဘဲပျောက်ပျောက်.....ဘယ်ရာသီ ဘယ်ဥတုတွေဘယ်လောက်ပြောင်းပြောင်း.......မိုးညိုဆိုတဲ့ သူငယ်ချင်းတစ်ယောက်အတွက်......ကျွန်တော့်ဘ၀ရဲ့ ကောင်းကင်ကြီး......ကျွန်တော့်ရဲ့ သူငယ်ချင်းအတွက် အုံ့မှိုင်းပေးပါ......xမိုးချုပ်ညx

ကျွန်တော်က မောင်မိုးညိုပါ...။ဒီ Blog လေးမှာတော့ ကျွန်တော်မောင်မိုးညိုနဲ့..ကျွန်တော်သူငယ်ချင်း ကဗျာဆရာ မောင်မိုးချုပ်ညတို့ကဦးဆောင်ပြီးတော့ Postများကို ရေးသားကြမှာဖြစ်ပါတယ်...။အခုကျွန်တော်ကတော့ Blog ပြီးရေးပြီးပြီးချင်းအထိမ်းအမှတ်နဲ့ ပထမဆုံး Post ကိုတင်ရခြင်းဖြစ်ပါတယ်ခင်ဗျား..။ဒီ Blogလေး လုပ်ပြီးတော့ ညက 1း00ကျော်နေပြီဗျ...။ကျွန်တော်လည်းတော်တော် အိပ်ချင်နေပြီ.. :( နောက်နေ့တွေကိုတော့ ဟိုကောင် မိုးချုပ်ညက ဆက်ပြီးတာဝန်ယူရေးသားပါလိမ့်မယ်...။ကျွန်တော် နောက်ဆုံးပြောမဲ့အကြောင်းကတော့ ဒီ lifesforall.blogspot.com လေးကို စတင်ဖွင့်လှစ်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီနေ့မှာလာရောက်ကြသူများအားလုံးကို Post မှာပြထားတဲ့ Cola နဲ့ ဘာဂါ ကျွေးမှာပါ..။အားလုံး ဝေမျှ ၀လင်စွာစားသောက်နိုင်ကြပါစေ..။ဒါပဲဗျို့...။(မိုးညို)